၂၁ ၆ ၂၀၁၅ နံနက် ၁ နာရီခန့်က တာဗွေဗလီထိပ်မှာ
တာမွေ စခန်း၄၀ က ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နောက်ဒါမျိုးတွေဆက်မဖြစ်အောင် ဝိုင်း Share ပေးကြပါဗျာ
တာမွေ စခန်း၄၀ က ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နောက်ဒါမျိုးတွေဆက်မဖြစ်အောင် ဝိုင်း Share ပေးကြပါဗျာ
၂၁ ၆ ၂၀၁၅ နံနက် ၁ နာရီခန့်က တာဗွေဗလီထိပ်မှာ ကျွန်တော် ညီလေးတစ်ယောက်နဲ့  ထမင်းကြော်စားနေ တုန်း ရဲကားမြည်သံ ကားဟွန်းသံတွေ ဆူညံစွာ ကြားလိုက်ရတော့ အလန့်တကြားလှည့် ကြည့်မိစဉ်မှာ ရဲကား၃စီးက ဖိုခနောင့်ဆိုင် ပြီး ဆိုင်ကယ်တစ်စီးကို လူငယ်၎ယောက်စီးလာတာကို လိုက်ဖမ်းနေတာတွေ့လိုက်ရတယ် ရဲကား ၃စီးထဲက ဆူဇူကီး R- တစ်စီးရဲ့နောက်မှာ ရဲ၂ယောက်ကတွယ်စီးပြီး ဆိုင်ကယ်စီးလူငယ် ၄ယောက်ကို လှမ်းဆွဲနေတာတွေ့ တယ် သူလှမ်းဆွဲလို့ တစ်ယောက်ယောက်ပြုတ်ကျပြီး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ဒီကောင်လေးတွေက မစီးရမယ့်နေရာလာ စီးတာ ဒီကောင်တွေအမိခံ ရမှာ ပြေးလို့မလွတ်ပါ ဘူး ရှေ့နားဆို မိမှာပဲ ဘာညာနဲ့ပြောနေတု န်း လှည့်ကြည့်လိုက် တဲ့အချိန်မှာ တာမွေအခွန်လွတ်ေ ဈး အဝေရာလမ်းထိပ်နာ လည်းရောက်ရော ရဲကား၂စီးက အတင်းပွတ်ဆွဲပြီး လမ်းရဲ့ အောက်ကျောကို အတင်းဆွဲချလိုက် တဲ့အချိန်မှာ ပုံမှာမြင်ရတဲ့အ တိုင်း ဆိုင်ကယ်စီး လူငယ် ၄ယောက်ရဲ့ ဘဝက အဖြစ်ဆိုးခဲ့ရတယ် မဖြစ်သင့်တာက ပွတ်ဆွဲလိုက်တဲ့ ရဲကားတစ်စီးက ချက်ခြင်း ဝှိက်ပြီး ပြန်မောင်းသွားတ ယ် နောက် ရဲကား ဆလွန်းကားက အခွန်လွတ်ဈေးရှေ့မှာ ကျော်ရ်ပြီးတော့ ရဲ ၂ယောက်ဆင်းလာတယ် ပြီးတော့ ချက်ခြင်ူပြန်တက်ပြီး ကျန်တစ်စီးနဲ့အတူ အပြင်းမောင်းထွက်သွားတယ် အခင်းဖြစ်ချိန်က ၁နာရီ ၂မိနစ် ကျွန်တော် အခင်းဖြစ်နေရာကို ချက်ခြင်း ရောက်သွားတယ်ရှေ့ ကမောင်းတဲ့လူနဲ့  သူ့နောက်ကတစ်ယော က်က ပွဲချင်ပြီးဆုံး နေပြီ နောက်ကစီးတဲ့ ၂ယောက်က အသက်ရှိသေးတယ် လှုပ်နေသေးတယ် ၁နာရီ ၁၂ မိနစ်မှာရဲဆိုင် ကယ်တစီးနဲ့ ရဲကားတစ်စီးရောက်လာပြီး ကျွန်တော် ဓာတ်ပုံရိုက်နေတာကို ပံမှာမြင်ရတဲ့အတ်ုင်း ရဲတစ်ယောက်က ကိုယ်နဲ့ ကွယ်လိုက်တယ်ပြီးတော့ လူရှင်းခိုင်း ယဉ်မူ့စစ်ဖုန်းဆ က် သွေးမေတ္တာ အရေးပေါ်ကားဖုန်း ဆက် လုပ်ကြတယ် ကျွန်တော် စောင့်ကြည့်နေတယ် ကျွန်တော် ဓာတ်ပုံရိုက်တုန်းက ကိုယ်နဲ့ကွယ်လို က်တဲ့ရဲက တခြား ဓာတ်ပုံရိုက်သူေ တွကို မင်းတို့နဲ့ ဘာဆိုင်လဲ သတင်းသမားလား ဓာတ်ပုံရိုက်ရအောင်မင်းကဘာလဲ ဆိုပြီး ဆူပူကြိမ်းမောင်းတယ် ၁နာရီ ၃၁မိနစ်မှာ သွေးမေတ္တာ အရေးပေါ်ကားတစ်စီးကို လူတစ်ယောက်မောင်းလာတယ် ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်တယ် နောက်ကားတစ်စီး ထပ်ခေါ်တယ် ၁နာရီ ၄၀ မိနစ်မှာ နောက်သွေးမေတ္တာအ ဖွဲ့ အရေးပေါ်ကားတစ်စီးထပ်ရောက်လာတယ် လူ၂ယောက်ပါလာတယ် သူတို့လည်း ဓာတ်ပုံရိုက် လက်အိပ်စွပ် ဘာညာလုပ်နေကြတယ် အဲ့ အချိန်ထိ ယဉ်မူ့စစ်ရောက်မ လာသေးဘူးအဲ့ အချိန်ထိလည်း ၂ယောက်က လှုပ်နေသေးတယ်၁နာ ရီ ၅၀ မိနစ်မှာ ၁ယောက်က မလှုပ်ပဲ ငြိမ်သွားတယ် သေမသေတော့ အဝေးကပဲကြည့်နေရ တော့ ကျွန်တော်လည်းမသိနိုင်ဘူး ၁နာရီ ၅၈ မိနစ်မှာ ကားတစ်စီးနဲ့ ယဉ်မူ့စစ်ရောက်လာတယ် ဆံပင်ရှုပ်ပွပြီး အိပ်ချင်မူးတူြး ဖစ်နေပုံရတယ် ဓာတ်ပုံရိုက်တယ် အဲ့ကျတော့မှ သွေးမေတ္တာအဖွဲ့က လူတစ်ယောက်ကို မှီအုံးမလားမေးတ ယ် ၁ယောက်တော့ ရနိုင်တယ် နောက်တစ်ယောက်ကေ တာ့ မလွယ်တော့ဘူး ကျန်တဲ့ ၂ယောက်ကတော့ သေနေပြီလို့ဖြေတ ယ် အဲ့အချိန် မီးသတ်က အရေးပေါ်ကားတစ်စီးရောက်လာတယ် အဲ့တော့မှ ယဉ်မူ့စစ်က ဒါဆိုသယ်သယ် မြန်မြန်လုပ်လို့ ပြောတယ် သွေးမေတ္တာ က ကားတစ်စီးက မောင်းထွက်သွားတ ယ် ကားဆီမရှိလို့ သွားထည့်တယ်ပြော တယ် ခဏနေပြန်လာတော့မှ ၁ယောက်ကို တင်ပြီး မောင်းသွားတယ် မီးသတ်ကလည်း နောက်တစ်ယောက်ကိုတင်ပြီးမောင်းသွားတယ် ယဉ်မူ့စစ်ကပေကိုးတိုင်းဖို လုပ်နေတဲ့အချိန် မှာ ပတ်ဝန်းကျင်မြှာ မင်လိုက်ရတဲ့ ကျွန်တော်တို့ကဝိုင်းပြီး အဖြစ်အပျက်ကို ပြောပြတယ် ဒါကို ယဉ်မူ့စစ်က မှတ်တမ်းမယူပဲ သူလာရင်း လမ်းမှာ လူ၂ယောက်ကိုမေးေ တာ့ ဆိုင်ကယ်က သူ့ဘာသာမောင်းရင်း လမ်းဘေးဓာတ်တိုင်နဲ့ တိုက်တာလို့ သိရတယ်တဲ့ စဉ်းစားကြည့်ကြပါ သူလာတာက အခင်းဖြစ်တဲ့ ၁နာရီ ၂မိနစ်ကနေ ၅၆မိနစ်နောက်ကျြ ပီးမှရောက်လာတယ် အိပ်ချင်မူးတူြး ဖစ်နေတယ် လာတာကအခင်းဖြစ်တာရဲ့ ဆန့်ကျင်ဘက် အရပ်ကလာပြီး ဘယ်သူ့ကို မေးမှာလ?ဲ ဘယ်အချိန်မေးတာလဲ ?ကားနဲ့ အတင်း လိုက်တိုက်ဖမ်းတဲ့ ရဲတွေက ဘယ်ရောက်သွားလဲ? စဖြစ်တဲ့ အချိန်မှာ အသက်ရှိသေးတဲ့ ၂ယောက်ကို လိုအပ်တဲ့ ဆေးဝါးကုသမူ့ ချက်ခြင်းပေးနို င်ရင် သူတို့အသက်ရှင်ဖို့ အခွင့်အရေး ပိုမများနိုင်ဘူးလား ?ချုသဆုံးသွားတဲ့ လူငယ်တွေရဲ့ အပြစ်က ရာဇဝတ်မူ့လား ?သူတို့လိုလူငယ် တွေမှာလဲ မိသားစုတွေ ဘဝတွေ မရှိဘူးလို့ ထင်လား?ပြည်သူတစ်ယောက်အနေနဲ့ ဥပဒေဘက်တော်သားေ တွရဲ့ လူမဆန်စွာ ဥပဒေမဲ့ လုပ်ရပ်ကို မြင်နေတွေ့နေရပါ ရက်နဲ့ ဘယ်သူ့ကို ပြောပြရမလဲ ?သွေးမေတ္တာအဖွဲ့ ရဲ့ အရေးပေါ်ကားဆိုတာ ဆီကို အမြဲဖြည့်ပြီး အဆင်သင့်ရှိနေသင့်တယ် လိုမထင်ဘူးလား ?အရေးပေါ်လူနာတင် ခါနီးတော့မှ ဆီသွားဖြည့်ရတယ် ဆိုတာကြီးက ဖြစ်သင့်ရဲ့လား ?နောက်ဒီလိုဖြစ် ရပ်တွေထပ်မဖြစ်ေ တာ့အောင် ဘယ်လိုပူးပေါင်း ပါဝင်ပေးနိုက်မလဲ ?ဒီကိစ္စရဲ့ နောက်ဆက်တွဲက ဆိုင်ကယ်ကို လူ၎ယောက်စီးပြီး မဆင်မခြင်မောင်း လို့ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ပြီးသွားမလား?ပြ ည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဘဝတွေကို ဒီလိုပဲ လက်လွတ်စပါယ် ပြုကျင့်နေကြတော့ မှာလား?သူတို့ေ ပြာတဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ က ဒီလိုပဲလား ?ဆိုတဲ့ လား?ပေါင်းများစွာ အတွေးပေါင်းများ စွာ စိတ်မကောင်းခြင်းများစွာနဲ့တာရာ
၂၁ ၆ ၂၀၁၅ နံနက် ၁ နာရီခန့်က တာဗွေဗလီထိပ်မှာ

0 comments:
Post a Comment