လိုင်စင်မဲ့ မော်တော်ယာဉ်များအား နေပြည်တော် အပါအ၀င် တစ်နိုင်ငံလုံး ဖမ်းဆီးအရေးယူမည်...





ပြည်တွင်း၌ မောင်းနှင်သွားလာနေသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်ချမှတ်ပြီး ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးအရေးယူနေရပြီး ယာဉ်မရပ်အဖြစ် သတ်မှတ်ထားသည့် လမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် အစီးတစ်ထောင်ကျော်ကိုလည်း လစဉ်အရေးယူနေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ပညာပေးခြင်းနှင့် အခြားလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၃၉၀၇ မှု ဖြစ်ပွားခဲ့ကာ ၂၃၄၃၅ ဦး ဒဏ်ရာရရှိပြီး ၃၆၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူ ၂၀၁၄ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၇၈၁ မှု ဖြစ်ပွားခဲ့ကာ ၂၅၀၁၄ ဦး ဒဏ်ရာရရှိပြီး ၄၁၆၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်မောင်းများကို စစ်ဆေးအရေးယူရာ၌ တစ်လလျှင် အမှုပေါင်း သုံးသောင်းခွဲနီးပါးကို အရေးယူနေရကြောင်း သိရသည်။
Writer: 
ဝင်းမြင့်ကျော်
Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

 
Top