သတင်းစုံ's Facebook Wall / သတင်းစုံ
သက်ရှိထင်ရှားဖြင့် အသက် ၁၂၂ နှစ် ရှိပြီးဖြစ်သော ကမ္ဘာ့အသက်ကြီးဆုံး အဘွားအိုဒေါ်မြကြည် အား ယခုတိုင် ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်ရေး မဆောင်ရွက်နိုင်သေး
ဂင်းနစ်စံချိန်ဝင်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနအချို့က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မယ်တော်စုကျေးရွာအုပ်စု ပေါက်ချိုင်ကုန်းကျေး ရွာတွင်နေ ထိုင်လျက်ရှိသည့် အသက် ၁၂၂ နှစ်အရွယ်ရှိ အဘွားဒေါ်မြကြည် မှာ ကမ္ဘာ့အသက်
အကြီးဆုံးဖြစ်သော် လည်း ဂင်းနစ်စံချိန်
်ဝင်နိုင်ရေး သက် ဆိုင်ရာတာဝန်ရှိသူများက ယခုအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေး
ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ဂင်းနစ်စံချိန် ဝင် သည့် အသက်အကြီးဆုံးပုဂ္ဂိုလ်များ၏ အသက်များသည် ၁၂၀ ဝန်းကျင် တွင်ရှိနေပြီး ယမန်နှစ်က ဂျပန်နိုင်ငံ မှအဘွားအိုတစ်ဦး
သည် အသက် ၁၁၆ နှစ်ဖြင့် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံ ချိန် စာရင်းဝင်ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အဘွားဒေါ်မြကြည် မှာ ဂင်းနစ်စံချိန်တင်နိုင်သော်လည်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိ သူများက ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးခြင်း
နှင့်ပတ်သက်ပြီး ကျန်းမာ ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦးက ''ကိုယ့်နိုင်ငံက အဘိုး၊ အ ဘွား တွေကို ဂင်းနစ်စံချိန်
ဝင်အောင် လုပ်ဖို့က တစ်ဦးချင်းစီကို တစ်အိမ် တက်ဆင်း စာရင်းကောက်မှဖြစ်မှာ။ အဲလိုလုပ်မယ် ဆိုရင်တောင် သီးခြား လုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက် မှဖြစ်မှာ။ ဌာနရဲ့လုပ်ငန်းသဘာဝအရ သက်ကြီးရွယ်အိုတွေ ကို ဆေးကုသပေးတာ၊ ကျန်းမာရေးစောင့်ရှောက် ပေးတာတွေတော့ လုပ်ပေးနေပါတယ်။ အသက် ၁၂၂ နှစ်ရှိတဲ့ အဘွားဒေါ်မြ ကြည်ကို ဂင်းနစ်စံချိန်ဝင်ဖို့ သက်ဆိုင် ရာဝန်ကြီးဌာနအချို့က ကျွန်တော် တို့ ကျန်းမာရေးဝန်ကြီးဌာနဆီကို ဆက်သွယ်လာ မယ်ဆို ရင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားပါမယ်'' ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြင့်ဟန်က ပြောသည်။လတ်တလောတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အဘွားဒေါ်မြကြည် အား နှစ်စဉ် ငွေကျပ်နှစ်သိန်းကို ထောက်ပံ့ပေးနေသော်လည်း ဂင်းနစ်စံချိန်
စာရင်းတွင် ပါဝင်နိုင်ရန် နည်းပညာ အားနည်း ချက်များ ရှိနေသေးသည့်အတွက် ဆောင်ရွက်နိုင် ခြင်းမရှိသေးခြင်း ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန မှ သိရသည်။
''ဂင်းနစ်စံချိန်တင်အောင် လုပ်ဖို့ဆိုတာက လိုအပ်တဲ့ကျန်းမာ ရေးစစ်ဆေးမှုတွေကို လုပ်ဖို့လိုတယ်။ နည်းပညာတွေကလဲ လိုအပ်သေး တယ်။ နည်းပညာကူညီ
ပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုခုနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကပူးပေါင်းပြီး ဂင်း နစ်စံချိန်ဝင် အောင် လုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်''ဟု လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးအောင်ကျော်မိုးက ပြော သည်။
အဘွားဒေါ်မြကြည်၏ လတ်တလော
ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ခြင်း
မရှိသောကြောင့် များသောအားဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းနေရပြီး အာဟာရမှုန့်ကိုသာ အားထားစားသောက်
နေရကြောင်း ယင်းအဘွားအို၏သမီးဖြစ်သူ ဒေါ်သေးမာ က ပြောသည်။
''အမေအိပ်ရာထဲလဲနေတာ တစ်လလောက်တော့ရှိပြီ။ အခု နေမကောင်း
ဖြစ်နေတဲ့အချိန်မှာ လာကူ ညီတဲ့သူ
တွေတော့ရှိတယ်။ ဘယ်သူတွေမှန်းတော့
့မသိဘူး'' ဟု ၎င်းက ပြောသည်။ အဘွားဒေါ်မြကြည်သည် အ သက် ၁၀၀ နီးပါးအချိန်အထိ ငါးလေးဟင်းနှင့် နှမ်းဖတ်ချဉ်၊ မြေပဲထောင်း တို့ကိုသာ စားသုံးခဲ့သူတစ်ဦးဖြစ် ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် က အဘွားဒေါ်မြကြည်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ''၁၉၉၃ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၅၄ ခုနှစ် သီတင်း ကျွတ်လဆန်း ၁ ရက်နေ့တွင် အသက် ၁၀၀ နှစ်ပြည့်ပြီးဖြစ်ကြောင်း သိရှိရ သဖြင့် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်း သာစွာ ဆက်လက်နေထိုင်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းပြုလျက် ပြည် ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ပြုခံ သက် ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ယူစွာ အသိအမှတ်ပြု'' ဂုဏ်ပြုလွှာကို အဘွား
ဒေါ်မြကြည်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် အသက်
်တစ်ရာနှင့်အထက် လူဦးရေစာရင်း
ကိုကောက်ယူကာ ထောက်ပံ့ကူညီမှုများ ပေးအပ်လျက်ရှိနေ ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် လည်း မှတ်ပုံ တင်နှင့် သန်းခေါင်စာ ရင်းပေါ်မူတည်ကာ ကောက်ယူနေ ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment