''စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တွေကို ချထားပြီးတော့ အပြည် ပြည်ဆိုင်ရာလေဆိပ်တွေမှာ ခရီးသည်တွေကို သူတို့ပြန်လာတဲ့အခါမှာ စစ်ဆေးပါတယ်။ ကျွန်တော် တို့အဖွဲ့တွေက မားစ်ရောဂါစဖြစ်တယ်ဆိုကတည်းက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စောင့်ကြပ်စစ်ဆေးရေးအဖွဲ့တွေကို စတင်ပြီးလုပ်နေပါတယ်။ အီဘိုလာတုန်းကလိုပဲပေါ့'' ဟု အထက်ပါဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှရရှိသော စာရင်းအရ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်နေသူမှာ တစ်သောင်းကျော်ရှိနေပြီး ၎င်းတို့အတွက်လည်း Myanmar CDC facebook စာမျက်နှာတွင် မားစ်ရောဂါလက္ခဏာများနှင့် လိုက်နာသင့်သည့်အချက်များကို တင်ပြပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။မားစ်ကိုရိုနာရောဂါကို အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါအစုအဝေး (Middle East respiratory syndrome coronavirus (MERS-CoV) ဟုခေါ်သည်။
ယင်းရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် ရောဂါရှိသူ၏သလိပ်၊ တံတွေးမှ တစ်ဆင့်ကူးစက်နိုင်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်သော ရောဂါမျိုးဖြစ်သည်။ လက်ရှိတွင် အပြည်ပြည်ဆိုင် ရာလေဆိပ်များ၊ ဆိပ်ကမ်းများ၊ မြန်မာ-တရုတ်နယ်စပ်၊ မြန်မာ- ထိုင်းနယ်စပ်နှင့် အခြားနယ်စပ် များတွင်လည်း ရောဂါစစ်ဆေး ရေးအဖွဲ့များချထားပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


0 comments:
Post a Comment