တရုတ်နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်အတွင်း လူပေါင်း ၄၀၀ ကျော် တင်ဆောင်ထားသော ခရီးသည်တင်သင်္ဘောတစ်စင်းနစ်မြုပ်သွားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများက ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည်။ ''Eastern Star'' ခေါ်သင်္ဘောမှာ နန်ကျင်းမြို့မှ ချုံကင်းမြို့သို့ သွား သည့်သင်္ဘောဖြစ်ပြီး ယန်ဇီမြစ်၏ ဂျီယန်လီအပိုင်း၌ နစ်မြုပ်ခဲ့ခြင်းဖြစ် ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။ လူရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် သင်္ဘောကပ္ပတိန် နှင့် အင်ဂျင်နီယာချုပ်တို့ပါဝင်ကြောင်း၊ ၎င်းတို့က သင်္ဘောမှာ ဆိုင်ကလုန်း မုန်တိုင်းမိ၍ မှောက်သွားခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ သင်္ဘောပေါ်တွင် ခရီးသည် ၄၅၈ ဦးလိုက်ပါခဲ့ရာ ၄၇ ဦးမှာ သင်္ဘော သားများဖြစ်ကြကြောင်း ဆင်ဟွာသတင်းက ဆိုသည်။ ရာသီဥတုဆိုးရွား သဖြင့် ကယ်ဆယ်ရေးလုပ်သားများ အခက်ကြုံနေရကြောင်း ဆင်ဟွာ သတင်းက ပြောခဲ့ သည်။
လေပြင်းတိုက်ခတ် ၍ မိုးများသည်းထန်စွာရွာ သွန်းလျက်ရှိသည်။ ယန်ဇီမြစ်အတွင်းနစ်မြုပ်နေသော သင်္ဘောတွင် ပိတ်မိနေသော ခရီး သည်များကိုကယ်တင်ရန် ကယ်ဆယ်ရေးလုပ်သားများက အချိန်လု၍ ကြိုးစားနေကြသည်။ နှစ်ပေါင်းများစွာအတွင်း တရုတ်ပြည်၏အကြီးမား ဆုံးသော ပို့ဆောင်ရေးမတော် တဆမှုဖြစ်သည်။ အင်္ဂါနေ့တွင် လူနှစ်ဦးကို အရှင်ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးမှာ အမျိုးသား ဖြစ်ပြီး အခြားတစ်ဦးမှာ အသက် ၆၅ နှစ်ရှိ အမျိုးသမီးဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။ ဆင်ဟွာသတင်းအရ အစောပိုင်း၌ ကယ်ဆယ်ရေးလုပ်သားများက လေးထပ်ပါသင်္ဘောမှ အကူအညီတောင်းခံသံများကို ကြားနေရသည်ဟု ဖော်ပြခဲ့သည်။ သင်္ဘောမှာ လေပြင်းမုန်တိုင်းကြောင့် တနင်္လာနေ့ညပိုင်း ဒေသစံတော်ချိန် ည ၉ နာရီကျော်တွင် တိမ်းမှောက် သွားခဲ့သည်။ CCTV သတင်း၏ရုပ်သံလိုင်း တွင် ကယ်ဆယ်ရေးလုပ်သားများက နစ်မြုပ်သွားသော သင်္ဘောကိုယ်ထည် ပေါ်မှ အသက်ရှင်သူ ကျန်လေမလား ဟု အသံများကိုနားထောင်နေသည့် ပုံကို ပြခဲ့သည်ဟု ဆိုသည်။ မိုးလေဝသခန့်မှန်းချက် အရ အင်္ဂါနေ့ ရာသီဥတုဆိုးရွားမည်ဟု ဆိုသည်။ ထို့ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အခက်ကြုံစေ မည်ဟု သိ ရသည်။
ကယ်ဆယ်ရေးသင်္ဘောဒါဇင် များစွာတို့ လေမုန်တိုင်းနှင့် မိုးသက် မုန်တိုင်းကြားတွင် နစ်မြုပ်သင်္ဘော အနီးသို့ရောက်အောင် ကြိုးစားမောင်း နှင်နေကြရသည်ဟု ဆိုသည်။ ခရီး သည်များမှာ အသက်ကြီး တရုတ်လူ မျိုးခရီးသွားများဟု ယူဆရသည်။ လူတစ်ဒါဇင်ခန့်ကို ကယ်ဆယ်နိုင်ခဲ့ ရာ အလောင်းငါးလောင်းပါသည်ဟု သိရသည်။ သင်္ဘောကပ္ပတိန်နှင့် အင်ဂျင် နီယာချုပ်တို့က သင်္ဘောမှာ ဆိုင်က လုန်းမုန်တိုင်းမိသည်နှင့် ချက်ချင်း တိမ်းမှောက်သွား ခဲ့ကြောင်း ပြော ခဲ့ ကြသည်။ သင်္ဘောကပ္ပတိန်နှင့် အင် ဂျင်နီယာတို့အား ရဲကဖမ်းဆီးထား ကြောင်း ရိုက်တာသတင်းက ဖော်ပြ ခဲ့သည်။ သင်္ဘောပေါ်တွင် ခရီးသွား ၄၀၆ ဦးမှာ အသက် ၆၀ မှ ၇၀ အ တွင်းဖြစ်ပြီး ရှန်ဟိုင်းခရီးသည်အေ ဂျင်စီမှ ခရီးသည်များဖြစ်ကြ သည်။
ဧည့်လမ်းညွှန်ငါးဦးနှင့် သင်္ဘောသား ၄ရ ဦးတို့ ပါဝင်ကြသည်။ အသက် အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၈၀ ရှိ ပြီး အငယ်ဆုံးမှာ သုံးနှစ် ရှိကြောင်း သိရသည်။ သမ္မတရှီကျင့်ဖျင်က ကယ်ဆယ် ရေးလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ် ကြရန် အမိန့်ပေးခဲ့ပြီး ဝန်ကြီးချုပ် လီကီချန်းကလည်း သင်္ဘောမှောက် သည့် ဟူဘေးပြည်နယ်သို့ သွားနေ သည်ဟု ဆိုသည်။ ဝန်ကြီးချုပ်က ခရီး သည်များအသက်ရှင်ရေးမှာ ပထမ ဦးစားပေးဖြစ်သည်ဟု ပြောခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။ သင်္ဘောမှာ လူပိုမတင်၊ အသက် ကယ်အကျီ င်္ အပြည့်ပါကြောင်း ဆင် ဟွာက ဆိုသည်။


0 comments:
Post a Comment