လူ ၂ ဦး သေဆုံးစေပြီးဖြစ်သော MERS (Middle East respiratory syndrome) ဗိုင်းရပ်စ် ပြန့်နှံ့နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် တောင်ကိုရီးယားအစိုးရက လူ ၁၃၀၀ ကျော်ကို သီးသန့်ခွဲ ထားရကာ ကျောင်း ၅၀၀ ကို ပိတ်ထားရကြောင်း သိရသည်။ တောင်ကိုရီးယား အမျိုးသမီး သမ္မတ ပတ်ချုံဟိုင်းက ရောဂါပိုးကို ထိန်းချုပ်ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အခြေအနေကို ကိုင်တွယ်ရာတွင် ပွင့်လင်းမြင်သာစေရန် ပြောဆိုထားသည်။ ဗိုင်းရပ်စ်ကြောင့် ၂ ဦးသေဆုံးခဲ့ကာ ၂၈ ဦး ရောဂါပိုးကူးစက်ခံထားရသည်။
ယနေ့ ဗုဒ္ဓဟူးနေ့ တရက်တည်း ၅ ဦး ရောဂါကူးစက်ခံထားရကြောင်း တွေ့ရသည်။ MERS ဗိုင်းရပ်စ်ကို လွန်ခဲ့သည့် ၃ နှစ် ဆော်ဒီအာရေးဗီးယားတွင် စတွေ့သည်။ ရောဂါကူးစက်ခံရကြောင်း သံသယဖြစ်သူ ၂၉၈ ယောက်ရှိပြီး ၁၃၆၄ ယောက် သီးသန့်ခွဲထားနေရသည်။ ရောဂါလက္ခဏာမှာ ၇ ရက်ကြာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲကြပ်ခြင်း၊ အသက်ရှုနှုန်း တိုခြင်း၊ ကြွက်သားများ နာခြင်းတို့ဖြစ်သည်။ ရောဂါကုသရန် ဆေးမရှိသေးပါ။


0 comments:
Post a Comment