တိုက်ကြီးမြို့နယ်တွင် ပထမနှစ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို ရည်းစားဟောင်းက နေအိမ်ပေါ်တက်ကာ ဓားဖြင့် ထိုးပြီး ထွက်ပြေးသွားသဖြင့် ၎င်းကျောင်းသူကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ထားရ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


တိုက်ကြီးမြို့နယ် မင်္ဂလာ ရပ်ကွက် နှင်းဆီမြိုင်ကွက်သစ် တွင် ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်က အသက် (၁၉) နှစ်အရွယ်ပထမနှစ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို လွန်ခဲ့သည့် တစ်နှစ်ခန့် က ချစ်ကြိုက်ဖူးသော ရည်းစား ဟောင်းက ဓားဖြင့် ထိုးပြီး ထွက် ပြေးသွားခြင်း ဖြစ်သည်။


‘‘ဓားထိုးမှုဖြစ်တဲ့သူက ထွက်ပြေးသွားလို့ လိုက်ဖမ်းနေပါ တယ်။ ဖြစ်ဖြစ်ချင်း ကောင်မလေး က အော်လို့ ပတ်ဝန်းကျင်က သွား တော့ ကောင်လေးက ထွက်ပြေး သွားတာ။ ကောင်မလေးကတော့ တိုက်ကြီး ဆေးရုံရောက်နေလို့ ရဲတွေလိုက်သွားနေတာ ပြန်မ ရောက်သေးဘူး’’ဟု တိုက်ကြီးမြို့ မရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ကျော် ခိုင်က ပြောသည်။


တက္ကသိုလ်ကျောင်းသူတစ် ဦးတည်းရှိနေချိန်တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ချစ်ကြိုက်ခဲ့ဖူးပြီး အဆက်အသွယ် ပြတ်နေသော မှော်ဘီမြို့နယ် မျောက်ချောကုန်း ရွာ၌ နေထိုင်သည့် အမျိုးသား က နေအိမ်ပေါ်သို့ တက်လာရာ မတက်ရန် ပြောမရသဖြင့် အော် လိုက်ချိန်တွင် ဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း မိန်းက လေး၏အစ်ကိုက တိုက်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ခြင်းဖြစ်သည်။


‘‘ကောင်မလေးက ဒဏ်ရာ မသက်သာလို့ ရဲတွေက ဆေးမှတ်တမ်းတွေ အကုန်ယူသွားပြီး ရန် ကုန်ပြည်သူ့ဆေးရုံကြီးကို လိုက် ပို့နေတယ်။ သမီးရည်းစားတွေလို့ သိရပါတယ်’’ဟု မှော်ဘီမြို့နယ် တွင် နေထိုင်သည့် ကိုနန္ဒက ပြော သည်။


၎င်းကျောင်းသူသည် ဓားဖြင့် ထိုးခံရမှုကြောင့် ညာဘက်ရင်အုံ၊ ဘယ်ဘက်လက်မောင်းနှင့် ဘယ်ဘက်လက်ဖျံတို့တွင် ဓားဒဏ်ရာ များရရှိခဲ့ပြီး ရန်ကုန်ပြည် သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရ သည်။


အဆိုပါအမှုကို တိုက်ကြီးမြို့မရဲစခန်းက ပြစ်မှုပုဒ်မ-၃၂၆/၄၅၁ ဖြင့် အမှုဖွင့်ကာ ဓားဖြင့် ထိုး သွားသော အမျိုးသားကို ဖမ်းမိနိုင် ရန်စုံစမ်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။


မေလ ၇ ရက်က ရန်ကင်းမြို့ နယ်တွင် အသက် (၂၃) နှစ်အ ရွယ် အဝေးသင်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူကို ရည်းစားဖြစ်သူ တက္ကသိုလ်ကျောင်းသားက ဓားဖြင့် ထိုးသတ် ခဲ့သောကြောင့်တက္ကသိုလ်ကျောင်းသားအား ဖမ်းဆီးစစ် ဆေးနေသည်။

0 comments:

Post a Comment

 
Top