ဒေါ်လာဈေးမြင့်တက် နေပြီး မြန်မာကျပ်ငွေဈေးနှုန်းကျ ဆင်းလာ၍ ပြည်သူများစိုးရိမ်နေသဖြင့် ပြည်ထောင်စုအစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းနေ သည်ကို ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ခေါ်ယူ၍ အရေးပေါ်ဆွေးနွေးခဲ့သည်။
‘‘ဒီနေ့ ဆွေးနွေးပွဲမှာ ဒေါ်လာ ဈေးတက်လို့ ပြည်သူတွေစိတ်ပူ နေကြတယ်။ ဘယ်လိုကိုင်တွယ် ကြမလဲဆိုတာဆွေးနွေးကြတယ်။ အစိုးရရော၊ ဗဟိုဘဏ်ကရော ဒီကိစ္စကို ကိုင်တွယ်ဖို့ အတွေ့အ ကြုံမရှိဘူးဖြစ်နေတယ်။ ဗဟိုဘဏ်ကလုပ်မယ့် နည်းလမ်းနှစ်ခု၊သုံးခုလောက်ချပြသွားတယ်’’ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူစက် သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချ နေသူများအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကပြောသည်။
ဒေါ်လာဈေးနှုန်းမြင့်တက် လာမှု၊ မြန်မာ့ကျပ်ငွေဈေးနှုန်းကျ ဆင်းလာမှုနှင့် ပတ်သက်၍ ယနေ့ မွန်းလွဲ ၃ နာရီကဇမ္ဗူသီရိဆောင်အ စည်းအဝေးခန်းမ၌ လွှတ်တော် ရေးရာကော်မတီများနှင့်သက် ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန် ရှိသူများဆွေးနွေးအဖြေရှာဟု အ ထက်ပါဆွေးနွေးပွဲအကြောင်းကို လွှတ်တော်နာယကသူရဦးရွှေ မန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ယင်းဆွေးနွေးပွဲတွင် လွှတ် တော်ငွေကြေးလုပ်ငန်းဆက်စပ် သည့် ကော်မတီများမှဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတို့ တက် ရောက်ခဲ့သည်။ ဒေါ်လာဈေးမြင့် တက်ခြင်းကိုထိန်းချုပ်ရန် လွှတ်တော်မှ ၀င်ရောက်ထိန်းညှိလိုသော်လည်း ဗဟိုဘဏ်ကတင်ပြသော နည်းလမ်းများကိုသဘော တူခဲ့ကြောင်း ဒေါက်တာဝင်းမြင့် ကပြောသည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ဈေးတည်ငြိမ်စေရန် ပထမဦးစားပေးအနေဖြင့် ပုဂ္ဂလိကဘဏ်များကိုသာမက သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းရှင်များနှင့် အခြားဒေါ်လာလိုအပ်သည့်နေရာများတွင်ဒေါ်လာတိုက်ရိုက်ရောင်းမည်ဟုဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောခဲ့ ကြောင်း ဒေါက်တာဝင်းမြင့်က ဆိုသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment