တောင်ငူမြို့ ရန်ကုန်-မန္တလေးကားလမ်းရှိ ကေတီဗွီဆိုင်မှ အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင် တစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးသန်းထွန်းက ပြောသည်။ ဇွန် ၃ ရက် မွန်းလွဲ ၁နာရီခန့်က တောင်ငူမြို့ ကံရိုးကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ စားသောက်ဆိုင်နှင့် ကေတီဗွီဆိုင်သို့ အမည်မသိ လူလေးဦးလာရောက်ပြီး ၎င်းတို့လေးဦးသည် ဆိုင်မှ အမျိုးသမီးလေးဦးနှင့် အခန်းတွင်းသီချင်းဆိုနေခဲ့ကြပြီးနောက် သီချင်း ဆိုသောအမျိုးသမီးတစ်ဦးနှင့် အမည်မသိအမျိုးသားလေးဦးထဲမှ တစ်ဦး တို့ စကားပြောနေရာမှ အချင်းများ ရန်ဖြစ်စဉ် အမျိုးသားက အသင့် ပါလာသော ပစ္စတိုသေနတ်ဖြင့် တစ်ချက် ပစ်ခတ်ရာမှ အမျိုးသမီး၏ ခြေထောက်တွင် ကျည်ဆန်ထိမှန်ပြီး ဘယ်ညာခြေသလုံးပေါက်ထွက် ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ငူဆေး ရုံကြီးတွင် ဆေးကုသမှုခံယူနေ ကြောင်း သိရသည်။ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးသန်းထွန်းက ''စစ်ဆေးချက်တွေ အရတော့ သေနတ်နဲ့ ခြေထောက်ကို တည်ပစ်တာတော့ မဟုတ်ပါ ဘူး။ သေနတ်နဲ့ပစ်မယ်လို့ ခြောက်လိုက်ရာကနေ ကျည်ဆန် ထွက်ပြီး ခြေထောက်ထိသွားတာပါ။
Home
»
inside
»
ပြည်တွင်းသတင်း
» ကေတီဗွီဆိုင်တွင် အမျိုးသမီးတစ်ဦး၏ ခြေထောက်ကို လူတစ်ဦးက ပစ္စတိုဖြင့် ပစ်ခတ်မှုဖြစ်
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment