၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ သမ္မတလောင်းအဖြစ် သူရဦးရွှေမန်းကိုသာ ရွေးချယ်ဖွယ်ရှိသည်ဟု ပါတီဝင်များက မှန်းဆထားကြ သည်။ ပြည် ခိုင်ဖြိုး ပါတီ အောင်နိုင်ရေးကော်မတီဖွဲ့စည်းမှုကို ကြည့်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းကိုဥက္ကဋ္ဌနေရာတွင် ထားရှိဖွဲ့စည်းထားသဖြင့် လာ မည့် ရွေးကောက်ပွဲအတွက် ၎င်းကိုသာ သမ္မတလောင်းအဖြစ် ရွေးချယ်ဖွယ်ရှိကြောင်း ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် ဦး က ပြောသည်။ ”ပါတီကဘယ်သူ့ကို အမည်စာရင်းတင်သွင်းခြင်းလုပ်မှာလဲ၊ ဘယ်သူက ဦးဆောင်မှာလဲဆို တာတွေမေးခွန်း တွေမေးနေကြတယ်။ 

    ဒီလိုခန့်မှန်းတာကို ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်အရယူဆမိတာကတော့ ဦးရွှေမန်းကိုပဲ အမည်စာရင်းတင်သွင်းမယ် ထင်ပါတယ်”ဟု၎င်းကဆက်ရှင်းပြသည်။ ထို့အပြင် နိုင်ငံတော် သမ္မတဦး သိန်းစိန်အနေဖြင့် လာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တွင် ပြန်လည် အရွေးချယ်ခံမည်ဆို ပါကလက်ရှိ ရာထူးကိုစွန့်လွှတ်၍ မဲဆွယ်စည်းရုံးရမည် ဖြစ်ပြီးအဆို ပါ ရာထူးကို မဲဆွယ်စည်းရုံးရေး မစတင်မီရက်ပေါင်း ၆ဝ အလိုမှ စတင်စွန့်လွှတ်ရမည်ဟု ဇွန်လ ၂ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်း အဝေးအပြီး သတင်းမီဒီ ယာ များ၏ မေးခွန်းများကို ဦးတင်မောင်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
      ”နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ကြေညာနေတယ်။ ဥပဒေအရရက်ပေါင်း ၆ဝ သည် မဲဆွယ်စည်းရုံးသော ကာလ ဖြစ်ပါတယ်။ဒီရက်ပေါင်း ၆ဝ စရောက် တဲ့နေ့မှာသမ္မတအပါအဝင် အစိုးရ အဖွဲ့ဝင်အားလုံးဟာ နောင်ရွေး ကောက်ပွဲအတွက် အရွေးချယ်ခံ မယ်လို့သေချာရင် သူတို့ရာထူးတွေ ကိုစွန့်လွှတ်ပြီး မဲဆွယ် စည်းရုံး ရမှာ ဖြစ်ပါတယ်။ဒါဟာလည်း ဥပဒေ ထဲကအတိုင်းပါပဲ။လစ်လပ်သွားတဲ့ နေ ရာတွေကို အတွင်းဝန်ချုပ်တွေ ခန့်ပြီး ထိန်းကျောင်းခြင်း ဖြစ်ပါ တယ်” ဟုပြည် သူ့ လွှတ်တော်ကိုယ် စားလှယ်ဦးတင်မောင်ဦးကပြောသည်။ ထို့အတူ အများက ခန့်မှန်း ပြောဆိုနေသကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်အားတပ်မတော် ကိုယ်စားလှယ်များကအမည်စာရင်း တင်သွင်းရုံဖြင့်ဒုတိယသမ္မတနေ ရာရရှိမည်ဟု အခိုင်အမာပြောဆို၍ မရသေးကြောင်း ၎င်း ကပြောသည်။ ကြံ့ခိုင်ရေးပါတီ၏ဥက္ကဋ္ဌနေရာ အ ပြောင်းအလဲအား ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့ ဖြင့်ဆုံးဖြတ်၍ မရဘဲ ပါတီညီလာခံ တွင်သာပြု လုပ်နိုင်မည်ဖြစ်ကြောင်း၊ ပါတီညီလာခံက အတည်ပြုမှသာ ဥက္ကဋ္ဌရာထူးအပြောင်းအလဲလုပ်၍ ရမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

0 comments:

Post a Comment

 
Top